တမူးမြို့၊ မြို့မဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့၊ မြို့မဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်

 


MNP - ဇွန်   ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့  နံနက်(၈)နာရီအချိန်က မြို့မဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ကြည်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ လူမှုရေးအသင်းအဖွဲ့များ  အင်အား(၂၀၀)ဦးတို့ စုပေါင်း၍ ကျောင်းဝန်းအတွင်းရှိ အမှိုက် များ ရှင်းလင်းခြင်း၊ သစ်ကိုင်းများ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေးတို့အတွက် ရေမြောင်းများ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ်များဖြင့် တင်ဆောင်ကာ စနစ်တကျ စွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


အလားတူ မေလ(၂၄) ရက်နေ့က အမှတ်(၁) အခြေခံပညာ အထက်ကျောင်းတွင် လည်းကောင်း၊ မေလ(၂၈) ရက်နေ့က အမှတ်(၂) အခြခံပညာ အထက်တန်းကျောင်းနှင့် ဇွန်လ(၁၁)ရက်နေ့က အ.ထ.က(ခွဲ) ကျောင်းတို့တွင် လည်းကောင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ရတနာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)