မိုင်းလုံနယ်‌ မြေရဲစခန်းမှ ဒေသတွင်းဖမ်းစီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်စီးမည့် နေရာအားကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံနယ်‌ မြေရဲစခန်းမှ ဒေသတွင်းဖမ်းစီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်စီးမည့် နေရာအားကွင်းဆင်းစစ်ဆေး

 


MNP - ဇွန်   ၁၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် မိုင်းလုံနယ်‌ မြေရဲစခန်းမှ ဒေသတွင်းဖမ်းစီးရမိသည့် မူးယစ်ဆေးဝါးများကို (၂၆.၆.၂၀၂၂) ရက်နေ့တွင် မီးရှို့ဖျက်စီးမည့်နေရာအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို  ယနေ့နံနက် (၁ဝ) နာရီခွဲ အချိန်ခန့်က အထက်ရပ်ကွက်အတွင်းရှိ မိုင်းလုံနယ်မြေရဲစခန်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    


ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံနယ်မြေရဲစခန်းမှ ရဲအုပ်မောင်မောင်နိုင် (ခေတ္တစခန်းမှူး) ကဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက ပူးပေါင်း၍ မိုင်းလုံမြို့အတွင်း ဖမ်းစီးရမိသော မူးယစ်ဆေးဝါးများကို နယ်မြေဒေသအရပို့ဆောင်ရန် အဆင်မ‌ပြေသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်စီးရန် နေရာကွင်းဆင်းစစ်ဆေးရာတွင် မိုင်းလုံနယ်မြေရဲစခန်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာနောက်ရှိ မြေကွက်တွင်ဆောင်ရွက်ရန် အဆင်ပြေသောကြောင့် မြို့အုပ်ချုပ်ရေးမှူးက ထိုနေရာကိုအတည်ပြုပြီး မြေကွက်အတွင်းရှိ ခြုံနွယ်များကို ပေါင်းရှင်းစက်ဖြင့်ရှင်းလင်းစေပြီး လိုအပ်သောလုပ်ငန်းများကိုလည်း မိုင်းလုံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့များကဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုင်းလုံမြို့နယ်မြေရဲစခန်း စခန်းမှူးထံက သိရသည်။   


သတင်း - ဇော်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)