ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံမိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံမိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



MNP - ဇွန်   ၂၅


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တောင်သူများ၏ လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးနှမ်းများ‌ အောင်မြင်ဖြစ်ထွန်း‌ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။‌ တောင်သူများအ‌နေဖြင့် ဆီထွက်သီးနှံ မိုးနှမ်းအပြင် မြေပဲနှင့်နေကြာကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။


"မိုးနှမ်းကို မေလဆန်းလောက်က စတင်စိုက်ပါတယ်ခုနှစ်က မိုးရွာတာစောလို့မေလက စစိုက်တာပါ၊ အခုဆိုရင် စိုက်ပြီးနှစ်လသားနီးပါးရှိပါပြီ နောက်ထပ်တစ်လလောက်ဆို ရိတ်သိမ်းလို့ရပါပြီ၊ ပြီးခဲ့တဲ့နှစ်က နှမ်းတစ်တင်းကို ၄၈၀၀ဝိ/- ကျပ်အများဆုံးဈေး ရောင်းရတယ် ခုနှစ်တော့ ၆၀၀၀ဝိ/- ကျော်ထိဈေးပေးနေတယ်ကြားတယ်၊ မိုးနှမ်းမျိုးကတော့ စမုံနက်နဲ့လှဝိုင်းရင်မျိုးတွေစိုက်တယ်၊ ပိုးကျတာကတော့ အနည်းအကျဉ်းရှိပါတယ် ခုနှစ်စိုက်ခင်းတွေ အပင်အားကောင်းတယ် အသီးထွက်နှုန်းကောင်းတယ် နှမ်းထွက်နှုန်းကောင်းမှာပါ"ဟု မိုးနှမ်း (၁၂)ဧကစိုက်ပျိုးထားသည့် ပိတောက်ကျောကျေးရွာ တောင်သူဦးကျော်ဆွေ ကပြောကြားသည်။


ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီတွင် ဆီထွက်သီးနှံမိုးနှမ်းကို တောင်သူများ၏ လယ်ယာမြေများတွင် (၃၈၀၄၆) ဧကကျော်စိုက်ပျိုးထားပြီးဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲ စသည့်ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများစုပေါင်း၍ ကျေးရွာတောင်သူများထံအရောက် နည်းပညာပေးသင်တန်းဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)