ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ




MNP - ဇွန်  ၂၅


ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လိုင်စင်ဆိုင်ရာကိစ္စရပ်များကို အတည်ပြုဆုံးဖြတ်မည်ဖြစ်ကြောင်း၊ အခြားသောခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် စပ်ဆက်နေသောကိစ္စရပ်များ ဆွေးနွေးရန် ပါဝင်လာမည်ဖြစ်သည့်အတွက် အသေးစိတ်ကို ကော်မတီအတွင်းရေးမှူးက ရှင်းလင်းတင်ပြမည်ဖြစ် ကြောင်း၊ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်အောင် စည်းမျည်း၊ စည်းကမ်းဘောင်အတွင်းမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် တိုက်တွန်းလိုပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးတို့ကို အထောက်အကူဖြစ်စေသည့် အတွက် စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန် ပေါင်းစပ်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်မှ ယခင်ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းပြီး ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရန် ကိစ္စရပ်များနှင့် မှတ်တမ်းတင်ရန်ကိစ္စများ ရှင်းလင်းတင်ပြသည်။


ထို့နောက်တက်ရောက်လာသည့် ကော်မတီဝင်များမှ အထွေထွေဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြန်လည်ဖြည့်စွက် ဆွေးနွေးကာ နိဂိုးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)