မိတ္ထီလာမြို့နယ်တွင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်



MNP - ဇွန်   ၁


မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်အတွင်းရှိ  ရွှေစစ်သည်-ကျီကုန်း- ရွာတန်းရှည်-အုံတုံခရိုင်ချင်းဆက်လမ်း အပိုင်း(၁) (မိတ္ထီလာ-ရွှေစစ်သည်လမ်းပိုင်း)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်း ၅၀၀ ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။


ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင်အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်လုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ မြို့နယ်အတွင်းရှိ ရွှေစစ်သည်-ကျီကုန်း-ရွာတန်းရှည်-အုံတုံခရိုင်ချင်းဆက်လမ်း အပိုင်း(၁)(မိတ္ထီလာ-ရွှေစစ်သည်လမ်းပိုင်း)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၅၀၀ ဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည် ကုမ္မဏီကတာဝန်ယူ၍ ကတ္တရာခင်းခြင်းလုပ်ငန်းအား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)