သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့သည့် နေအိမ် (၂)လုံးအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့သည့် နေအိမ် (၂)လုံးအား ထောက်ပံ့ငွေများ ပေးအပ်







MNP ၊  ဇွန် ၂၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့သည့် နေအိမ် (၂)လုံးအား  ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  ယနေ့ ညနေပိုင်းက  ပြုလုပ်ခဲ့ကြသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်း၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ က လက်ပံကျွန်း‌ကျေးရွာ  ကုလားစုရွာ၌ နေအိမ် (၂)လုံးအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (၂၂-၆-၂၀၂၂)ရက်နေ့ နေ့လယ် (၁ ၀၀)နာရီအချိန်ခန့်တွင်ပေါင် မြို့နယ် လက်ပံကျွန်း ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင်  ကမ်းပါး ပြိုကျမှုကြောင့်  ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ သည့်လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၂၁၄၇၀၀/-)ကျပ်အား ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


လက်ပံကျွန်းကျေးရွာသည်  မုတ္တမပင်လယ်ဂွေ့ အတွင်းကျွန်းတစ်ကျွန်းဖြစ်ပြီး ရာသီပေါ်သီးနှံများကို စိုက်ပျိုးသည်။ နှုန်းမြေများဖြင့်ဖွဲ့စည်းထားသည့်  ကျွန်းတစ်ကျွန်း  ဖြစ်သည်နှင့်အညီ  မြေပြိုကျမှုများလည်း ရံဖန်ရံခါ  ဖြစ်ပေါ်မှုများရှိနေခဲ့ကြောင်းသိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)