ဘီးလင်းမြို့နယ်တွင် အသက် ၈၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၇၂၂)ဦးအား လူမှုရေးပင်စင်များထောက်ပံ့‌ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် အသက် ၈၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၇၂၂)ဦးအား လူမှုရေးပင်စင်များထောက်ပံ့‌






MNP ၊ ဇွန် ၂၉

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် တွင်အသက် ၈၅ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌ ငွေများပေးအပ်ပွဲကို ဇွန် ၂၉ ရက်နံနက်ပိုင်း ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


   ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ သုံးလ ပတ် (ဧပြီ၊ မေ၊ ဇွန်) လ အတွက်  လူမှုရေး ပင်စင်ရရှိသောအသက် ၈၅ နှစ်နှင့်အထက် ဘိုး၊ဘွား (၇၂၂) ဦး အတွက်တစ်ဦးလျှင်ငွေ ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် သိန်းပေါင်း (၂၁၆.၆) သိန်းကို  ဘီးလင်းမြို့ နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးညီညီဝင်းကဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြတ်ကျော် ထံလွှဲပြောင်း ပေးအပ် ခဲ့သည်။


 ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး အရာရှိ ဦးညီညီဝင်းနှင့် တာဝန်ရှိသူများမှ ဆရာစံရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ် နှင့်အထက်ဘိုးဘွား ၁၅ ဦးတို့အားလူမှုရေး ပင်စင်များကို  အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)