MNP - ဇွန် ၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး ပြည်နယ်ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာန မျက်စိအထူးဌာနတွင် မျက်စိခွဲစိတ်ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီးသို့ရောက်ရှိပြီး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ မျက်စိအထူးဌာနတွင် နွမ်းပါးသူများအတွက် အခမဲ့ကုသနိုင်ရေး ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်အစိုးရအဖွဲ့နှင့်စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး၊ ခွဲစိတ်ခန်းအတွင်း အထူးကုဆရာဝန်ကြီးများက မျက်စိဝေဒနာရှင်များအား ကုသမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment