ရမ်းဗြဲမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ






MNP ၊  ဇွန် ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီ က ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ရမ္မာဝတီခန်းမ၌ ကျင်းပကြသည်။

အခမ်းအနားတွင် ရမ်းဗြဲမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် သားသမီးတို့၏ ပညာရေးအတွက် ပြောင်းလဲလာသောပညာရေးစနစ်ကို မျက်ခြေမပြတ်ဖို့လိုကြောင်း ၊  သားသမီးများပညာရေးအတွက် အမြဲတမ်းစောင့်ကြည့်ပြီး  ဆရာ/ဆရာမများကိုလေ့လာမေးမြန်းနေဖို့လိုအပ်ကြောင်း၊ သားသမီးများအပညာသင်ကြားနိုင်ရန်ကျန်းမာရေး ကိုလည်းဂရုစိုက်ကြဖို့လိုအပ်ကြောင်းတို့ကို မှာကြားပေးသည်။

၎င်းနောက် ပညာသင်ကြားလျက်ရှိကြသော  တက္ကသိုလ် ဆင့် (၃)ဦး တစ်ဦးလျှင် တစ်သောင်းငါးထောင်ကျပ်၊ အထက်တန်ဆင့် (၄) ဦး  တစ်ဦးလျှင်တစ်သောင်းနှစ်ထောင်ကျပ်၊ အလယ်တန်းဆင့် (၈)ဦးတစ်ဦးလျှင်တစ်သောင်းကျပ်၊ မူလတန်းဆင့် (၃၀)ဦး၊ တစ်ဦးလျှင်ရှစ်ထောင်ကျပ်နှုန်းဖြင့် ကျောင်းသား/သူ(၄၅)ဦး အတွက်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - အောင်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)