MNP - ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် သူရိယာရာမမိုးကုတ်ဝိပဿနာကျောင်းသစ် ဆရာတော်ဘဒ္ဒသူရိယသည် ပြန်လွန်တော်မူသွားပါသဖြင့် လစ်လပ်လျက်ရှိသော သံဃာ့သမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်တစ်ပါးနေရာအတွက် အစားထိုးရွေးချယ်မှုအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီက ရွေးမှော်ဝန်း သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အစားထိုးရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကတဇ(နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ အဖွဲ့ဝင် သာယာကုန်းပြဿဒ်ကျောင်း ဦးစီးပဓနနာယကဆရာတော် ဘဒ္ဓန္တပညာတဇက အဖွင့်ဩဝါဒဂါထာမိန့်ကြားပြီး လစ်လပ်သွားသည့် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် ဆရာတော်များ၏အမည်စာရင်း၊ ရှိရမည့်အရည်အချင်းများကို ဖတ်ကြားလျောက်ထားပြီး ရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ အစားထိုးရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကတဇ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) မြို့မရေလယ်ကျောင်း ဦးစီးပဓာန နာယကဒေါက်တာဘဒ္ဓန္တနန္ဒာလင်္ကါရက ရွေးချယ်ခံရသည့်သံဃာ့သမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်အဖြစ် ဘဒ္ဓန္တဉာဏသာမိ ရွှေပြည်ဝန်ကျောင်းတိုက်မြို့ဦးကျောင်းဆရာတော်အား ဖတ်ကြားကြေညာခဲ့သည်။ အဆိုပါရွေးချယ်ပွဲတွင် ကိုယ်တိုင်ဆန္ဒပေးပိုင်ခွင့်ရှိသူ(၉၆၁)ပါး၊ ကိုယ်တိုင်ဆန္ဒပေးသူ(၄၂၅)ပါးစာဖြင့် ဆန္ဒပေးသူ(၄၃၃)ပါး၊ ရာခိုင်နှုန်းအားဖြင့် ၈၈ ရာခိုင်နှုန်း ဆန္ဒပေးခဲ့ကြောင်းသိရသည်။ ထို့နောက်အစားထိုးရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဆရာတော်မှ နိဂုံးချုပ်ဩဝါဒဂါထာမိန့်ကြားပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment