မြစ်သားမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ



MNP - ဇွန်   ၁၈


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းကြီးနှင့် ဆက်သွယ်ထားသည့် မြစ်သား-လမ်းခွ ကားလမ်းဘေး၊ ရွှေပေါ်ကျွန်းကျေးရွာအနီးတွင် ယနေ့ နံနက် (၇)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က သစ်ပင်စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင် သာယာလှပပြီး ကျန်းမာပျော်ရွှင်စွာနှင့် အသက်ရှင်ရပ်တည် နေထိုင်သွားနိုင်ပြီး ပြည်သူများ သစ်တော၊ သစ်ပင်များ၏ တန်ဖိုးကို အလေးထား သိရှိစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးနှင့် ဒေသအပူချိန်လျော့ချနိုင်စေရန်၊ ရာသီဥတုကောင်းမွန် စေပြီး အရိပ်အာဝါသနှင့် မျက်စိပဒါသ အကျိုးကျေးဇူးများရရှိရေး အနာဂတ်မျိုးဆက်သစ်များအတွက် ပတ်ဝန်းကျင်အခြေအနေ ကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရေးတို့အတွက် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး တမာ(၅၀)ပင်၊ မယ်ဇလီ(၅၀)ပင်၊ ယူကလစ်(၅၀)ပင်၊ စုစုပေါင်း ပျိုးပင်(၁၅၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ၊ သစ်တောဦးစီးမှူး တောအုပ်ကြီး ဦးတင်ကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်အပူပိုင်း ဒေသစိန်းလန်းစိုပြည်ရေးဌာနမှ တောအုပ်ကြီး ဦးသန်းမော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦးတို့မှ စုပေါင်းစိုက်ပျိုးခဲ့ ကြောင်း သိရသည်။


သတင်း - ခိုင်သန္တာလွင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)