MNP - ဇွန် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့ (က) ရပ်ကွက်၊ အောင်မြင်သာယာလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၄၀.၃၄၀)ကျပ်သန်းဖြင့် ကွန်ကရစ်လမ်းအရှည် (၁၀၅၀)ပေ၊ အကျယ်(၁၄)ပေ၊ အထူ(၆)ပေတို့ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ (၈၅)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ် ကြောင်း၊ လမ်းခင်းခြင်းလုပ်ငန်းပြီးစီးသွားပါက ပြည်သူများ စီးပွားရေးလုပ်ငန်းများ၊ သွားလာရေးလုပ်ငန်းများတွင် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - စောဒိ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment