MNP - ဇွန် ၂၉
ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် မြို့တော်သာယာလှပရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ဝါဆိုဦး(၂)လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၃၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူများ သွားလာရေးလွယ်ကူစေရန်နှင့် မြို့တော်သာယာလှပရေးအတွက် အရှည် (၄၀၀)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့် (၈)လက်မရှိ ကွန်ကရစ်လမ်းကို ခင်းခြင်းဖြစ်ကြောင်း ရာနှုန်းပြည့်ပြီးစီးပါက ၎င်းလမ်းအားအသုံးပြုလျက်ရှိသည့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment