ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား)သင်တန်းဖွင့်လှစ်



MNP ၊ ဇွန် ၂၀

ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရေန် ရည်ရွယ်၍ ပြည်နယ်တရားမဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ဇွန် ၂၀ ရက် နံနက် ၉ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊ ဗဟိုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်ရေးအတွက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယနေ့ သင်တန်းမှတစ်ဆင့် လက်တွေ့နယ်ပယ်တွင် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်စေပြီး တရားမဝင်ကုန်သွယ်မှုပပျောက်ရေး အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းလိုက်နာ၍ ဖမ်းဆီး/ တားဆီးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား)သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အထူးအဖွဲ့သင်တန်းသား (၃၈)ဦးတို့အား သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များကို အထိုက်အလျောက်သိရှိပြီး လက်တွေ့နယ်ပယ်များတွင် စုပေါင်းစစ်ဆေးရေးများ/ ဖမ်းဆီးရေးများကို ပိုမိုအောင်မြင်အောင် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဖွင့်လှစ်သွားပိုးချသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား)သင်တန်းတက်ရောက်ကြမည့် သင်တန်းသား (၃၈)ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင် ဌာနဆိုင်ရာ ဝန်ထမ်း (၃၈)ဦးတို့အား ဦးဆောင်ကော်မတီသင်တန်းတွင် တက်ခဲ့သော ဝန်ထမ်းနည်းပြ (၂)ဦး၊ ဆက်စပ်ဌာနဆိုင်ရာများမှ နည်းပြ (၁၁)ဦးဖြင့် ၂၀-၆-၂၀၂၂ ရက်နေ့မှ ၂၄-၆-၂၀၂၂ ရက်နေ့အထိ (၅)ရက်ကြာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ သိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)