သထုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်းများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်းများ ပြုလုပ်


MNP ၊ ဇွန် ၁၉

မွန်ပြည်နယ်၊ သထုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့၊ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး‌ ဟောပြောခြင်း၊ ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးနည်းလမ်းများ လက်တွေ့သရုပ်ပြသခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မိုးကာလအတွင်းအဖြစ်များသည့် ရေကြီးဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးစသည့် ဘေးအမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ သဘာဝဘေးကို တုံ့ပြန်ဆောင်ရွက်ရာတွင် မိမိတို့၏ ဘေးကင်းလုံခြုံမှုမှာ ဦးစားပေးဖြစ်‌သောကြောင့် ရှာဖွေကယ်ဆယ်ရေးနည်းပညာများကို သိရှိနားလည်ထားကြရေး၊ သဘာဝဘေးများကျရောက်လာပါက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရေးအတွက် သိရှိထားရမည့် အချက်များ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးနည်းစနစ်များ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် သိသင့်သိထိုက်သည်များနှင့် ခောတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ အသုံပြုခြင်းတို့ကို လက်တွေ့ သရုပ်ပြသပေးရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)