MNP ၊ ဇွန် ၂၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လိုက်လံဖြန့်ဝေရာတွင် သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသူကျောင်းသားများ၊ ရုံးဌာနများရှိ ဝန်ထမ်းများ၊ ဘုရားစေတီတို့ရှိ ဘုရားဖူးပြည်သူများ၊ ဈေးများ၊ လူမှုကူညီရေးပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများတို့ထံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လက်ကမ်းစာစောင်ပါ အချက်များကိုရှင်းလင်းပြောကြားကာ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်တွင် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)၊ မဟာဗျူဟာ(၃)ရပ်နှင့် ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်း ကာကွယ်ရေးစသည်တို့အပြင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေမည့် အမှာစကားကောက်နုတ်ချက်များ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများပါဝင် ကြောင်း သိရသည်။
သတင်း - နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment