MNP ၊ ဇွန် ၂၇
စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်(အမျိုးသမီး) ဗိုလ်လောင်းဝင်ခွင့်နှင့်ပတ်သက်၍ ယခင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရ (အစား) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ် ၆ လ ထက်မကြီးရ ဟု အသက်ကန့်သတ်ချက်အား ၆ လ တိုးမြှင့်ပြင်ဆင်သတ်မှတ်ထားကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်(အမျိုးသမီး) ဗိုလ်လောင်းဝင်ခွင့်နှင့်ပတ်သက်၍ မိဘပြည်သူ များ၏ မေတ္တာရပ်ခံချက်အရ အသက်ကန့်သတ်ချက်ကို ယခင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရ (အစား) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ် ၆ လ ထက်မကြီးရ ဟု အသက်ကန့်သတ်ချက်အား ၆ လ တိုးမြှင့်ပြင်ဆင်သတ်မှတ်ထားပါတယ်" ဟု ရှင်းလင်းပြောကြားထားသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများအနေဖြင့် ကိုဗစ် ကလ ပညာသင်ကြားခွင့် နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ် တက်ရောက်လိုသူ မျိုးဆက်သစ် လူငယ်များက အသက်ကန့်ချက်ကြောင့် အခက်အခဲဖြစ်ပေါ်နေသည့်အပေါ် မေးခွန်းထုတ်ခဲ့ကြပြီး ကျောင်းသားမိဘများ အနေဖြင့်လည်း ပြင်ဆင်သတ်မှတ်ပေးရန် ဝေဖန်ပြောဆိုမှုများ မြင့်တက်ခဲ့သည့်အပေါ် တပ်မတော်က ပြင်ဆင်သတ်မှတ်ပေးထားသည်ကို တွေ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment