MNP - ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကို ခရိုင်၊ မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်သူရအောင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ လုပ်ငန်းတင်ဒါအောင် ကုမ္ပဏီလုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ဇော်နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment