လမ်းမတော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းမတော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

 


MNP - ဇွန် ၁


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ  အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး အခမ်းအနားအား ယနေ့ နံနက် ၈ နာရီအချိန်က လမ်းမတော်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် လမ်းမတော် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးသက်‌နောင်ဖြူက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းနေအရွယ်ကလေးတိုင်း‌ ကျောင်းတက်နိုင်ရေးဖြစ်ကြောင်း၊ ကလေးများ ကျောင်းလာရောက် အပ်နှံရေးအတွက်နှိုးဆော်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးများကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းဖွင့်အမီ ကျောင်းသန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း အခက်အခဲ ရှိပါက အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အစရှိသည်ဖြင့်ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ခံမြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်‌ နီလာမော်က ပညာရေးအခြေအနေ၊ ကျောင်းအပ်နှံရေးနှင့် ကျောင်းဖွင့်လှစ်ခြင်းဆိုင်ရာများ ရှင်းလင်း‌‌ပြောကြားသည်။      


ထို့နောက် ကျောင်းသား / ကျောင်းသူ များအတွက် နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးသည့် ဗလာစာအုပ်နှင့် လှူဒါန်းပစ္စည်းများအား လမ်းမတော် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးသက်‌နောင်ဖြူက ကျောင်းသား / ကျောင်းသူ များအားပေးအပ်ခဲ့ကြောင်း အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ အ.ထ.က(၁) ကျောင်းသား / ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ၊ အခမ်းအနားကို၊  ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။     


သတင်း - ကျော်ဆန်းမြင့်   


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)