မိုးညှင်းမြို့၌ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်



MNP - ဇွန်   ၁၁


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ အခြေခံပညာစာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေးနှင့် စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇)နာရီက အထက(၃)၊ အလက(မြို့မ) ကျောင်းနှင့် အလက(ညောင်ကိုင်း)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်မျာ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မိုးညှင်းတက္ကသိုလ်မှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများတို့ပူးပေါင်း၍ စွန့်ပစ်အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာများ ကောင်းမွန်စေရေးအတွက် ရေမြောင်းများရှင်းလင်းခြင်း၊ သစ်ပင်ချုံနွယ်များနှင့် မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို တပျော်တပါးဝိုင်းဝန်း၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)