ပြည်မြို့နယ်၌ မိုးစပါး တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြကွက် အထွက်တိုးမျိုးစပါးပျိုးထောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်၌ မိုးစပါး တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြကွက် အထွက်တိုးမျိုးစပါးပျိုးထောင်







MNP - ဇွန်  ၂၅


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ငါးရွာအုပ်စု ကွင်းအမှတ်( ၇၄၁ B )ရှိ တောင်သူဦးအောင်ပြည့်၏ စိုက်ပျိုးမြေကွက်၌ ယနေ့နံနက် ၈နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၂-၂၀၂၃မိုးစပါး တင်း ၁၀၀ အထက်ထွက်ရှိရေး ဧက ၁၀၀ စံပြကွက် မျိုးစပါးပျိုးထောင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါပျိုးထောင်သည့် အထွက်တိုးမျိုးစပါးမှာ GW(11)မျိုးဖြစ်ကာ ယင်းမျိုးစပါးပင်များကို တောင်သူ(၃၆)ဦးပိုင် လယ်ဧက(၁၀၀)၌ ပျိုးထောင်စိုက်ပျိုးသွားမှာဖြစ်ပြီး ယင်းမျိုးစပါးသည် တစ်ဧကလျှင် စပါးတင်း(၁၈၀)ခန့် ထွက်ရှိကြောင်း နှင့် တောင်သူများ၏ မိုးစပါးအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးထံမှ သိရသည်။


ယနေ့ အထွက်တိုးမျိုးစပါးပျိုးထောင်ပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစန်းလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းဦး၊ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးအောင်စိုမိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးအောင်ဆန်းဝင်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)