သထုံမြို့နယ်တွင် အသက်(၅)နှစ်အထက်ကျောင်းသူ /သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် အသက်(၅)နှစ်အထက်ကျောင်းသူ /သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး





MNP ၊ ဇွန် ၇

မွန်ပြည်နယ်၊ သထုံမြို့ နယ်တွင် အခြေခံပညာကျောင်းအသီးသီးတို့ရှိ အသက်(၅)နှစ်အထက် ကျောင်းသူ/သားများအား စာသင်ကျောင်းအခြေပြု ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က အခြေခံပညာကျောင်း(၇)ကျောင်းတို့၌ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်‌ရေးကော်မတီဝင်များတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက အခြေခံပညာကျောင်း(၇)ကျောင်းတို့မှ အသက်(၅)နှစ်အထက် ကျောင်းသူ/သားများအား အဖွဲ့များခွဲ၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၈၀ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇ ကျောင်းရှိပြီး အသက်(၅)နှစ်အထက် ကျောင်းသူ/သားများအား စာသင်ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ(၂)ရက်နေမှစတင်၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)