MNP - ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာနှင့် ကနစိုးကုန်းကျေးရွာချင်းဆက် သစ်သားတံတားငယ် အလျား(၅၀)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေသည် (၁-၆-၂၀၂၂) ရက် နေ့လည် ၁ နာရီခွဲ အချိန်ခန့်တွင် ဟောင်းနွမ်းပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါတံတား ပြိုကျပျက်စီးမှုကြောင့် ခရီးသွားပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးဇင်မြတ်မင်းထွဋ်၊ ခလရ(၃၆)မှ ဗိုလ်ကြီးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးမြတ်သန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်၊ လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထောက်အကူပြုကော်မတီဝင်များနှင့် ကျေးရွာပြည်သူများစုပေါင်း၍ တံတားအား ယာယီသွားလာနိုင်ရေးအတွက် ဝိုင်ဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment