ရွှေတိဂုံစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနား ပြုလုပ်




MNP - ဇွန်   ၅


၁.၆.၂၀၂၂ ရက်နေ့မှ ၅.၆.၂၀၂၂ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်ရင်ပြင်၊ ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခဲ့ပြီးဖြစ်သဖြင့်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားအား ယနေ့နံနက် ၇ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအောင်ပွဲ အခမ်းအနားသို့ ရွှေတိဂုံစေတီတော်သြဝါဒစရိ ယ လှရတနာဆရာတော် ဘဒ္ဒန္တ နာရဒါ ဘိဝံသပါ သံဃာတော် ၁၈ပါး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်၊ ရွှေတိဂုံစေတီတော် အလှည့်ကျ ဂေါပက ဦးဌေးလှိုင်နှင့်ဂေါပကအဖွဲ့ဝင် ၉ ဦး၊ စုစုပေါင်း လူပုဂ္ဂိုလ် ၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။


အခမ်းအနားအား “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါဒါစရိယ၊ စေတိယင်္ဂဏ ပဝရသိရီမဟာဓမ္မဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ. စ. အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော်ဘုရားကြီး)ထံမှ နဝင်္ဂသီလခံယူဆောက် တည်ခြင်း၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားပူဇော်သော ပရိတ်တရားတော် များ နာကြားခြင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါဒါ စရိယ၊ စေတိ ယင်္ဂဏ ပဝရသိရီမဟာဓမ္မဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ. စ. အ ဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်ဘု ရားကြီး)ထံမှ အနုမော ဒနာတရားနာကြား၍ ရေစက်ချအမျှ ပေးဝေခြင်းများပြုလုပ်ပြီး ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကေလာသမှ  နတ်ဗြဟ္မာများအား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီးနောက်  “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ်ရွတ်ဆို၍ အသံမစဲမဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - မေသန္တာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)