ဇမ္ဗူသီရိ အထူးတရားရုံးတွင် စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို နေပြည်တော် အကျဉ်းထောင်ရှိ အထူးတရားရုံးသစ်တွင် ပြောင်းရွှေ့စစ်ဆေးမည်ဖြစ်ကြောင်း သတင်းထွက်ပေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိ အထူးတရားရုံးတွင် စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို နေပြည်တော် အကျဉ်းထောင်ရှိ အထူးတရားရုံးသစ်တွင် ပြောင်းရွှေ့စစ်ဆေးမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်


MNP ၊ ဇွန် ၂၂

ဒေါ်ခင်ကြည်ဖောင်ဒေးက ဆောင်ရွက်သည့် စီမံကိန်းများအတွက် နေပြည်တော်နှင့် ရန်ကုန်မြိုတိုတွင် မြေကွက်များ လျှောက်ထားရယူမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း နေပြည်တော်အကျဉ်းထောင်တွင် အထူးတရားရုံးအား ပြောင်းရွှေ့စစ်ဆေးရန်အတွက် အဆောက်အဦတစ်ခု တည်ဆောက် ပြီးစီးပြီဖြစ်သောကြောင့် အမှုများကို ထိုအထူးတရားရုံးသစ်တွင် ပြောင်းရွှေ့စစ်ဆေး မည်ဖြစ်ကြောင်း တရားသူကြီးက အသိပေးခဲ့ သည်ဟု အမှုနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

လက်ရှိတွင် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစု ကြည်တိုကို  စစ်ဆေးနေသည့် ဇမ္ဗူသီရိအထူး တရားရုံးသည် နေပြည်တော်ကောင်စီနယ်မြေ ကောင်စီရုံးဝန်းအတွင်း ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် နေပြည်တော်နှင့် ရန်ကုန်မြိုတိုတွင် မြေကွက်များ လျှောက် ထားရယူမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်အား အဂတိဖြင့် တရားစွဲထားသည့် အမှုလေးမှု၊ ရွှေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာလွှမ်းမိုးခြင်း စွဲချက်ဖြင့် ရာဇသတ်ကြီးဖြင့် စွဲဆိုထားသည့် အမှုတစ်မှု၊ ရဟတ် ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အဂတိဖြင့် တရားစွဲဆိုထားသည့် အမှုငါးမှုတိုအား ဇမ္ဗူသီရိအထူးတရားရုံးတွင် အပတ်စဉ် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။                    

ထို့ပြင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်သို့ လှူဒါန်းမှုခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဒေါ်လာငါးသိန်းခွဲ ပေးအပ်မှုအပေါ် အဂတိဖြင့် စွဲဆိုထားမှုများကိုလည်း အပတ်စဉ်ရုံးထုတ်စစ်ဆေးနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ထားသည့်အမှုများအနက် စစ်ဆေးပြီးစီးသွား သည့်အမှုများအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားကြောင်း အမှုနှင့် ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။     


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)