ကျွန်းစုမြို့တွင် အိမ်တွင်းတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်စေရန်အတွက် အိမ်တွင်းမှုပညာသင်တန်း ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် အိမ်တွင်းတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်စေရန်အတွက် အိမ်တွင်းမှုပညာသင်တန်း ဖွင့်လှစ်သင်ကြား

 


MNP - ဇွန်   ၁၁


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အိမ်တွင်းမှုပညာဖြစ်သော လက်ကိုင်ခြင်းထိုးနည်းနှင့် ဖဲပြားကလစ် Bow အမျိုးမျိုး ပြုလုပ်နည်း သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ် ကျွန်းရတနာခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စုစုလှိုင်က အိမ်တွင်းမှု ပညာရပ်များကို တတ်မြောက်စေရန်နှင့် သင်တန်းမှရရှိသော ပညာဖြင့် အိမ်တွင်းတစ်နိုင်တစ်ပိုင် စီးပွားရေးအဖြစ် လုပ်ကိုင်နိုင်စေရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသူများအား သင်တန်းသုံး ပစ္စည်းများ ပေးအပ်ခဲ့သည်။


သင်တန်းတွင် ပလက်စတစ်ခြင်းထိုးနည်း၊ မြန်မာအမျိုးသမီးများအတွက် ဆံပင်ထိုးဖွဲ့ရန် ဆံအုပ်၊ Bow ထိုးနည်းများကို တစ်နေ့တာ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စည်သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)