ကချင်ပြည်နယ်ဝန်ကြီးချုပ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး (ဆင့်ပွား)သင်တန်း (၁/၂၀၂၂) ဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး (ဆင့်ပွား)သင်တန်း (၁/၂၀၂၂) ဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြား



MNP - ဇွန်   ၂၄


ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း  ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန် စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဇွန် ၂၀ ရက်နေ့မှ စတင်၍ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့သည့် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်ရေး (ဆင့်ပွား)သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၉)နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


သင်တန်းဆင်းပွဲတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊ ဗဟိုကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အထူးအဖွဲ့မှ ဝန်ထမ်းများအနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပိုမိုသိရှိနားလည်ပြီး သင်တန်းမှ သင်ယူထားရှိသည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်ပြီး တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်စေရေးကို အထူးအလေး ထား ဆောင်ရွက်သွားရန်နှင့် ဥပဒေ၊ အမိန့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖမ်းဆီး၊ တားဆီးမှုများကို အရှိန်အဟုန်မြှင့် စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ သင်တန်းသား (၃၈)ဦးတို့ အတွက် သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ ပြည်နယ်ဗဟိုကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များအား လည်းကောင်း၊ အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများအားလည်း ကောင်း၊ အဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက သစ်တောဦးစီးဌာန၊ ဝန်ထမ်းများ အတွက် လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)