စေတုတ္တရာ မြို့တွင် အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်း ဆရာ/ဆရာမများ၏ ပထမအဆင့် ရက်တိုမွမ်းမံသင်တန်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စေတုတ္တရာ မြို့တွင် အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်း ဆရာ/ဆရာမများ၏ ပထမအဆင့် ရက်တိုမွမ်းမံသင်တန်းကျင်းပ

 


MNP - ဇွန်   ၄


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ အသစ်ခန့်မည့် လက်ထောက်မူလတန်း ဆရာ/ဆရာမ များ၏  ပထမအဆင့် ရက်တိုမွမ်းမံသင်တန်းကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က ဖွင့်အမှာစကား ပြောကြားခဲ့ပြီး မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစလိုင်းအောင်မင်းက သင်တန်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းမြိုင်က သင်တန်းလုပ်ငန်း လမ်းညွှန်ချက်များအား သင်တန်းသားများ သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် တက်ရောက်လာကျသော သင်တန်းသား/သင်တန်းသူများနှင့် သင်တန်းနည်းပြ ဆရာကြီး/ ဆရာမကြီးများ မိတ်ဆက်ခြင်း ပြုလုပ်ခဲ့ပြီး အုံးဝါးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေဖြိုးသင်က ဆရာ့ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာ ခေါင်းစဉ်ဖြင့် တက်ရောက်လာကျသော သင်တန်းသား/ သင်တန်းသူများအား စတင်၍ သင်ခန်းစာများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။


သင်တန်းအား ၂၀၂၂ခုနှစ် ဇွန်လ(၄)ရက်နေ့မှစတင်၍ ဇွန်လ(၁၀)ရက်နေ့အထိ (၇)ရက်တိတိ နေ့စဉ် နံနက်(၉)နာရီမှညနေ(၄)နာရီအထိ ရက်တိုမွမ်းမံကျင်ပသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ (၈၄)ဦးတို့အား သင်တန်းနည်းပြ ဆရာကြီး/ ဆရာမကြီး(၁၀)ဦးတို့မှ သက်ဆိုင်ရာ ဘာသာရပ် အလိုက် အသီးသီးပို့ချသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသန်းမြိုင်မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - မောင်မိုးရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)