MNP - ဇွန် ၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုးနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဝမ်တပ်ကျေးရွာအုပ်စု၊ တာခွယ်ကျေးရွာ၌ နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Pilot Project ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်နေသော မြေသားရေကန်၊ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ရေတာတမံရေစုကန် ဆောင်ရွက်နေမှုလုပ်ငန်းများ၊ မိုင်းယုမြို့ တာကြန့်ကျေးရွာအုပ်စု၊ နမ့်နော်(အောက်)ရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် အလျားပေ ၉၀ ၊ အနံပေ ၃၀ အကျယ်ရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ဆောင်ရွက်ပြီးသောလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့်စ်
No comments:
Post a Comment