MNP ၊ ဇွန် ၂၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံထုတ်ဝေသည့် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး "သတင်းစကား" လက်ကမ်းစာစောင်များကို ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ဇွန်၂၄ရက်နေ့ကစတင်ကာ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများထံ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
ယင်းလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေခြင်းကို ဇွန်၂၄ရက်က ခရိုင်ပြန်/ဆက်ရုံးတွင်ကျင်းပသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲအခမ်းအနားသို့တက်ရောက်သော ကျောင်းသား၊ကျောင်းသူများထံနှင့် ပြည်မြို့ လဝကရုံး၊ ကညနရုံးနှင့် အာမခံရုံးစသည့်ဌာနဆိုင်ရာရုံးများသို့ လာရောက်သည့်ပြည်သူများနှင့် ကားဂိတ်များ၊ ဈေးဆိုင်များနှင့်လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ "သတင်းစကား"လက်ကမ်းစာစောင်တွင် (၃၁.၁.၂၀၂၂) ရက်နေ့ကကျင်းပသည့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက်အပါအဝင် "မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး"၊ "ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်"၊ "မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ"၊ "အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ မဟာဗျူဟာ (၂) ရပ်နှင့်နည်းဗျူဟာ (၃) ရပ်"အစရှိသည့်ခေါင်းစဉ်ပါ မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ် အကြောင်းအရာများနှင့် ကဗျာ၊ကာတွန်း၊ ဆောင်ပုဒ်နှင့် ဓာတ်ပုံမှတ်တမ်းများစုံလင်စွာ ဖော်ပြပါရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် နိုင်ငံတော်၏ နေ့ကြီး/ရက်ကြီးများနှင့် အထိမ်းအမှတ်နေ့ရက်များတွင် "သတင်းစကား"အမည်ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ နှစ်စဉ်ထုတ်ဝေ၍ ပြည်သူများထံအခမဲ့ဖြန့်ဝေ ဆောင်ရွက်ကြောင်းသိရသည်။
သတင်း - ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment