ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်



MNP - ဇွန်   ၁၈


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မိုးရာသီကာလတွင် ခြင်/ယင်ပေါက်ဖွားမှု မရှိစေရေးနှင့် အမှိုက်သရိုက်များ ကင်းရှင်းစေရေးအတွက် ဂန့်ဂေါမြို့ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အတွင်း/အပြင်ရှိ ပေါင်းပင်/မြက်ပင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှဝန်ထမ်းများ ပူးပေါင်း၍ စုစုပေါင်း အင်အား(၁၇၀)ဦးဖြင့် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံဝန်း အတွင်း/ အပြင်ရှိပေါင်းပင်/ မြက်ပင်များနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းအတွင်းရှိ အမှိုက်သရိုက် များအားစုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။  


ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - မောင်မျိုးမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)