အင်္ဂပူမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုး



MNP - ဇွန်  ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၆၀)၊ ဦးပိုင်အမှတ် (၁၃၉)ရှိ တောင်သူ ဦးလှမြင့်၏ ယာ‌မြေ(၂)ဧကတွင် ယနေ့ နံနက် ၈ နာရီက ၂၀၂၂-၂၀၂၃ ခုနှစ်  မိုးရာသီသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်မှ လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်ပြီး လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ခြင်း နှင့် အကျိုးပြု အနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှုမှ လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့  ဟင်္သာတခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် တောင်သူ ဦးလှမြင့်၏ ပိုက်ဆံလျှော် စံကွက်ရိတ်သိမ်းရာ (၁)ဧကလျှင် သစ်စိမ်းမြေသြဇာ (၇.၆၈)တန်ရရှိပြီး စုစုပေါင်း NPK ပါဝင်မှုမှာ ယူရီးယား (၁.၆၁)အိတ်၊ တီစူပါ(ဝ.၂၂)အိတ်၊ ပိုတက် (၁.၄၄) အိတ်နှင့် ညီမျှသော အာဟာရဓာတ်များ ရရှိနိုင်မှာ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)