“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပန်မြို့နယ်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပန်မြို့နယ်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး





MNP - ဇွန်   ၂၂


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်သည် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့နယ်တွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ပထမဦးစွာ ဦးချောက်ရှင်း၏ နွားမွေးမြူရေးခြံသို့ ရောက်ရှိရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါက်တာတင်မောင်လင်း (ဒုတိယညွှန်ကြားရေးမှူး)က နွားမွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မော်ဟွေ့ကျေးရွာအုပ်စုရှိ နေကြာသီးနှံပညာပေးစံပြကွက် စိုက်ပျိုးထားရှိမှုနှင့်နှံစားပြောင်း၊ အစေ့ထုတ်ပြောင်းများ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးလှမိုးကျော်က သီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။ တင်ပြချက်များနှင့် ပတ်သက်၍ ဥက္ကဋ္ဌက သီးနှံစိုက်ခင်းများ ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။


ထို့နောက် ဟိုပန်-မော်ဟွေ့လမ်းပေါ်ရှိ (၃၁)ဘုံစေတီကုန်းအနီးလမ်းကွေ့အား လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများက ‌ရော်ဘာခြံရှင်နှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။


ယင်းနောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် မိန်းပန်း(ရှမ်း)ရပ်ကွက်ရှိ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိပြီး မွေးမြူရေးဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)