ထားဝယ်မြို့ ရှိ ဆေးဆိုင်များအား ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့ ရှိ ဆေးဆိုင်များအား ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေး





MNP ၊ ဇွန် ၂၇ 

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင်ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ ရှိဆေးဆိုင်များအား ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ 


ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်သောပူးပေါင်းအဖွဲ့ များက ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်ရှိ မဟာဝန်၊ ကျော်စွာဆန်း၊ ဝတ်ရည်၊ ယူအမ်းဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့် ညီ/မညီ၊ ကောင်းမွန်သောဆေးဝါး သိုလှောင်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများအား တရားမဝင်၊ သက်တမ်းလွန်၊ လိုင်စင်မဲ့ဆေးများ ရောင်းချခြင်းမပြုရန်နှင့်ဆေးဝါးအတုများ ရောင်းချခြင်းမပြုရန်အသိပညားပေးပြောကြားခဲ့သည်။ 


ထို့‌နောက် ဆေးဆိုင်သို့ဆေးလာရောက်ဝယ်လာသူများအား ဆေးဝါးဝယ်ယူရာတွင် လိုက်နာရမည့်အချက်များ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ 


သတင်း - ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)