မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင် တောင်ရိုးတန်းလမ်း ရှုခင်းသာလမ်းတစ်လျောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင် တောင်ရိုးတန်းလမ်း ရှုခင်းသာလမ်းတစ်လျောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး


   


MNP - ဇွန်   ၂၅


မော်လမြိုင်မြို့ တောင်ရိုးတန်း လမ်းရှုခင်းသာလမ်းတစ်‌လျောက် ဦးခန္တီဘုရားကြီးရှေ့ ပတ်ဝန်းကျင်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ NGOများ၊ ဒေသခံပြည်သူများသည် တောင်ရိုးတန်းလမ်း ရှုခင်းသာ လမ်းတစ်လျှောက် ဦးခန္တီဘုရားကြီးရှေ့ ပတ်ဝန်းကျင်ရှိ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့်သစ်ပင်ကြီးများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းဝန်ထမ်းများက ကရိန်းကားကြီးများနှင့်တက်ရောက် ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မော်လမြိုင်မြို့နယ် တောင်ရိုးတန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေ လာရောက်သည့် နေရာဒေသဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့် စေတီ၊ ပုထိုးများ စုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေးလိုက်စားသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများဆောင်ရွက်ခြင်း၊‌ တောင်ရိုးတန်းလမ်းတစ်လျှောက် လမ်းလျှောက်ခြင်းများ၊ အသက်ရှူလေ့ကျင့်ခန်းများ လာရောက်ဆောင်ရွက်ကြသည့်အတွက် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပပြီး လေကောင်းလေသန့် များရှူရှိုက်ရာတွင်ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြာင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်  တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)