အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ဘာသာရပ်မိတ်ဆက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ဘာသာရပ်မိတ်ဆက်ပွဲ ကျင်းပ

 



MNP - ဇွန်  ၆


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ဘာသာရပ်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်  ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပါသည်။


အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ကျောင်း၌ ဇွန်လ ၁ ရက်နေ့မှစတင်၍ အခြေခံပညာအထက်တန်းမှ သင်ရိုးများကို စတင်သင်ကြားပေးနေပြီဖြစ်ကြောင်း၊ မိမိတို့ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  သင်ကြားပေးမည့် အဓိကဘာသာရပ်များကို မိတ်ဆက်ခြင်းအခမ်းအနားဖြစ်ကြောင်း၊ သင်ကြားမည့်ဘာသာရပ်များကတော့ အီလက်ထရောနစ် နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ အဆောက်အဦနည်းပညာ သင်တန်းနှင့် မော်တော်ယာဉ်နည်းပညာသင်တန်းများဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနမှူးများမှ အသေးစိပ်ရှင်းပြောကြားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်ကြားပေးမည့် ဘာသာရပ်အလိုက် သက်ဆိုင်ရာဌာနမှူးများက ပရိုဂျက်တာဖြင့်အသေးစိပ်ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပထမနှစ်ကျောင်းသား/သူများက မိမိတို့စိတ်ဝင်စားပြီး တက်ရောက်မည့် ဘာသာရပ်များကို ဌာနမှူးများထံသိရှိလိုသည်များ မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။


အဆိုပါ နည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိလက်ခံသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် ကျောင်းသား/သူ(၄၅)ဦး လာရောက်အပ်နှံထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း လာရောက်အပ်နှံရန် ဆက်သွယ်ဆောင်ရွက်ထားပါကြောင်း ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်ထံမှ သိရသည်။


သတင်း - လွိုင်လင်မိုး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)