ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် Booster Dose ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် Booster Dose ထိုးနှံ

 


MNP - ဇွန်   ၁၈


မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဆေးထိုးလိုသူများအား အသက်(၅)နှစ် နှင့်(၁၈)နှစ်အတွင်း လူငယ်များကို (Sinopharm/ Myancopharm/ Sinovac)ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်း၊ (၁၈)နှစ်နှင့်အထက် ပြည်သူများကို... (Astrazeneca/Covishield) ကိုဗစ်ကာကွယ်ဆေးများကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးပေးခြင်း၊ Coshield/ Sinopharm ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု(၆)လ ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster  Dose (Astrazeneca) ထိုးပေး ခြင်းများအား မိုးကုတ်မြို့၊ မဏိရတနာခန်းမနှင့် ကျပ်ပြင်ပတ္တမြားရတနာခန်းမတို့တွင် အပတ်စဉ် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင်  နံနက် ၉ နာရီမှ ၁၁:၃၀ နာရီအတွင်း ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်၊၊


ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သွေးတွင်းအောက်ဆီဂျင်နှင့် သွေးပေါင်ချိန် တိုင်းတာခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့မှ ပူးပေါင်းဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အထောက်အကူပြုအဖွဲ့ထံမှ သိရှိရပါသည်။


သတင်း - နန်းခွာညိုနှင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)