ပေါက်တောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ




MNP ၊ ဇွန်  ၆

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose  ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီမှ ပေါက်တောမြို့နယ်အတွင်းရှိ သတ်မှတ်ထားသောဆေးထိုးစုရပ်များတွင် ထိုးနှံပေး လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဦးကျော်ဝင်းနှင့်အဖွဲ့ဝင် များ၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊  သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုသည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ကာကွယ်ဆေး Booster Dose ကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်း(၁၀၀)ဦး၊ ပြည်သူလူထု(၁၅၂၆)ဦး၊ စုစုပေါင်း(၁၆၂၆)ဦး သတ်မှတ်ထားသောဆေးထိုးစုရပ်များတွင်လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)