MNP - ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ မြို့မဈေးကြီးကြပ်မှုကော်မတီရုံးအတွင်း ယနေ့နံနက် ၇ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီး (၆)လကြာပြီဖြစ်သည့် ဈေးသူ/သားများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးဆရာ/မများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း(Booster Dose)ကို ထိုးနှံပေးကြောင်း သိရသည်။
မောတောင်မြို့အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး(၆)လကျော် ကြာပြီဖြစ်သော ဈေးသူ/သားများ၊ ရပ်ကွက်နေပြည်သူများ ပေါင်း(၆၂)ဦးတို့အား အပိုထပ်ဆောင်း (Booster Dose)ထိုးနှံပေးခဲ့ပြီး အမှတ်(၉)ကျေးရွာအုပ်စုအတွင်းမှကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှမထိုးရသေးသည့် အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး(၂)ဦးအား (ပထမ)အကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယင်းကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက ဦးဆောင်လျက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မောတောင်မြို့ တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာသီဟအောင်နှင့်ကျန်းမာရေးဌာနဆရာ/မများ၊ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များက လိုအပ်သည်များပူးပေါင်းကူညီပေးလျက်ရှိပြီး ကာကွယ်ဆေးရာနှုန်းထိုးနှံပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - နန်းသာရီ-ထိန်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment