ပေါင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster dose ထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster dose ထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေး




MNP ၊  ဇွန်  ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က ပေါင်မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် ဝါရီရူခန်းမ၌ အပိုထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိုက်ထွန်း ၏ ဦးဆောင်မှုဖြင့်‌ ဝါရီရူခန်းမတွင်ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၄) ခု ရှိလူဦးရေ (၁ဝ၀၀)ဦးခန့်  ထပ်ဆောင်း Booster dose  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်‌ရေးကော်မတီသည် တစ်မြို့နယ်လုံး  ကိုဗစ်-၁၉  ရောဂါ ကင်းဝေးစေရန်အတွက် ဒေသခံပြည်သူ တို့အား ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)