သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံပေး


MNP - ဇွန်   ၃၀


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ယင်းသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံထားပြီး (၆)လအထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ကို ဆက်လက်ထိုးနှံပေးလျက် ရှိသည်။


ထို့အတူ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိ/ပျက်ကွက်များအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိပြီး Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင်လည်းကောင်း၊ ကျေးရွာအုပ်စုများရှိ ကျန်းမာရေးဌာနများတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သန့်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)