အသက်၁၅နှစ်မှ ၁၈နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ထိုးပြီး၆လပြည့်သူများအား တတိယအကြိမ်(Boster) အပိုဆောင်းထပ်မံထိုးနှံဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်၁၅နှစ်မှ ၁၈နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ထိုးပြီး၆လပြည့်သူများအား တတိယအကြိမ်(Boster) အပိုဆောင်းထပ်မံထိုးနှံဆောင်ရွက်





MNP - ဇွန်   ၁၂


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသက်၁၅နှစ်မှ၁၈နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းနှင့် ယခင်ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်တိတိ ထိုးနှံပြီး၆လပြည့်ပြီးသူများအား တတိယအကြိမ် အပိုဆောင်းထိုးနှံခြင်းအား ဘုရားသုံးဆူမြို့ ပြည်ထောင်စုခန်းမအတွင်း၌ နံနက်၉နာရီချိန်ထပ်မံထိုးနှံဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ ကိုဗစ်ကာကွယ်ဆေးအား သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ စနစ်တကျပြုလုပ်ဆောင်ရွက်ပြီး ကာကွယ်ဆေးနှင့်ပတ်သက်သည့် အသိပညာများအား ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် ဗီဇပြောင်းလဲပုံစသည့် အသိပညာပေးများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးထိုးနှံခြင်းအား ဘုရားသုံးဆူမြို့ရှိ နေထိုင်သူလူဦးရေစာရင်းအရ အိမ်ထောင်စုစာရင်း မှတ်ပုံတင်များဖြင့် အသုတ်လိုက် ဆေးထိုးနှံဆောင်ရွက်လျက်ရှိပါသည်။ တတိယအကြိမ်(Boster) အပိုဆောင်းထိုးနှံခြင်းအတွက် ဆေးထိုးမည့်ဦးရေမှာ(၂၀၀၀)ဦးစာရှိပြီး ယနေ့၁၄ရက်နေ့အတွက် လူဦးရေ(၅၀၀ဦးစာ)စာရင်း ကောက်ယူဆောင်ရွက်ခဲ့ပါသည်။ ကျန်ရှိသည်များကို နောက်ရက်များတွင် ထပ်မံထိုးနှံဆောင်ရွက်မည်ဟု သိရှိရပါသည်။


သတင်း - အောင်သူဟိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)