တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့ရေပေးဝေရေးစီမံကိန်းအား BOT စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့ရေပေးဝေရေးစီမံကိန်းအား BOT စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်

    

MNP - ဇွန်  ၂၉


မြိတ်မြို့ရေပေးဝေရေးစီမံကိန်းအား BOT စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် Bright Blue Water International Corportion Co.,Ltd တို့က တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်နားနီးသည့်ဒေသဖြစ်၍ ရေချိုရှားပါးကြောင်း၊ ရေကောင်းရေသန့်များကို ဒေသခံပြည်သူများသောက်သုံးနိုင်ရန်၊ ရေချိုရရှိရေးအတွ



က် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရေကောင်းရေသန့်ရရှိရေးကိစ္စများကို ကုမ္ပဏီမှ လာရောက်ရှင်းလင်းတင်ပြသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ရေရရှိရေးသည် ပထမအဆင့်ဖြစ်ပြီး အမှိုက်ကနေ magic လျှပ်စစ်စွမ်းအားထုတ်လုပ်မှုသည် ဒုတိယအဆင့်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို ရေရှည်တည်တံ့ခိုင်မြဲအောင်၊ အမှားအယွင်းမရှိအောင် လုပ်ထုံးလုပ်နည်း များနှင့်အညီ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး ခွင့်ပြုချက်ရရှိပြီးဖြစ်သော်လည်း လုပ်ငန်းများတွင်ပါဝင်သည့် မြေအသုံးချမှုလုပ်ငန်းများ၊ အခြားလိုအပ်ချက်များကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း ရေရရှိရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌဦးလှသန်းမှ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Bright Blue Water International Corportion Co.,Ltd မန်နေဂျင်းဒါရိုက်တာ Mr. Kanapod Nitsiriphat က ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ Bright Blue Water International Corportion Co.,Ltd အကြံပေး Mr,Weera Sriwathanatrakoon မှ ဖြည့်စွက်ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)