ကျောက်ဆည်မြို့နယ်အတွင်းရှိ ဟံမြင့်မိုရ်-မင်းစုလမ်းတွင် ကြံခိုင်မှုအားနည်းနေသည့် Box Culvert (၁)စင်း ပြန်လည်ပြုပြင်ပေးပြီး Box Culvert (၂)စင်း အသစ်ဆောက်လုပ်ပေးသွားမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်အတွင်းရှိ ဟံမြင့်မိုရ်-မင်းစုလမ်းတွင် ကြံခိုင်မှုအားနည်းနေသည့် Box Culvert (၁)စင်း ပြန်လည်ပြုပြင်ပေးပြီး Box Culvert (၂)စင်း အသစ်ဆောက်လုပ်ပေးသွားမည်ဖြစ်





MNP - ဇွန်   ၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ဟံမြင့်မိုရ်-မင်းစုလမ်းတွင် ကြံခိုင်မှုအားနည်းနေသည့် Box Culvert (၁)စင်း ပြန်လည်ပြုပြင်ပေးပြီး Box Culvert (၂)စင်း အသစ်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရှိရသည်။


Box Culvert များ ဆောက်လုပ်ခြင်းများနှင့်ပတ်သတ်၍ ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက် သာစေရန်၊  မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် လမ်း၊ တံတားများ တည်ဆောက်ပေးခြင်း လုပ်ငန်းများကို လမ်းဦးစီးဌာနမှ ကြီးကြပ်ခြင်း၊ တာဝန်ယူခြင်းများနှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသိရှိရပြီး ဟန်မြင့်မိုရ်-မင်းစုလမ်းမှ (၂)မိုင်(၂)ဖာလုံ နှင့်(၂)မိုင်(၃)ဖာလုံအတွင်းရှိ ကြံ့ခိုင်မှုအားနည်းနေသည့် မူလ(၅ x ၅ x ၃၀ )ပေ Box Culvert (၁)စင်းအား ပြန်လည်ပြုပြင်ပေးခြင်း၊ (ဝ.၄)ဖာလုံနှင့်(ဝ.၅)ဖာလုံအတွင်းရှိ ရေပြွန်အမှတ်(၅/၁) နှင့် (၂)မိုင်(၇)ဖာလုံနှင့် (၃)မိုင်အတွင်းရှိ ရေပြွန်အမှတ် (၉/၃)တို့အား (၅ x ၅ x ၃၀ )ပေ Box Culvert များဖြင့် အစားထိုး အသစ်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဟံမြင့်မိုရ်-မင်းစုလမ်းသည် ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့် ဆက်သွယ်ထားသည့်လမ်းဖြစ်သောကြောင့်BoxCulvert များ ဆောက်လုပ်ပြီးစီးပါက ပြည်သူများ၏ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည် ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများလည်း ပိုမိုဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


သတင်း- သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)