မုဒုံမြို့၌ Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ Cash For Work စီမံကိန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်



MNP - ဇွန်   ၂၁


မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် နှီးပဒေါ(ရွာဟောင်း)ကျေးရွာ၌ Cash For Work (CFW) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ရာ ကော်မတီဝင်များအတွက် ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး မိဝတ် ရည်မွန်က မိမိတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာဖွံ ဖြိုးရေးလုပ်ငန်းများကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အ အုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၀ သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ရာ စီမံကိန်း၏ ရည်ရွယ်ချက်အတိုင်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် သင်တန်းကိုပို့ချပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။


ထို့နောက် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Cash For Work (CFW) စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖြည့် သွင်းရမည့်ပုံစံများနှင့် လုပ်အားခပေးချေခြင်းတွင်ထားရှိရမည့် မှတ်တမ်းများဖြည့် သွင်းနည်းကို ကျေးရွာမှ ကော်မတီဝင်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၉)ဦးအား တစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်မျိုးသူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)