မိုင်းနောင်မြို့ Community Center ခန်းမတွင် အမျိုးသမီးများအကြမ်းဖက်ခြင်းမှ ကာကွယ်ရေးဥပဒေများအကြောင်း ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းနောင်မြို့ Community Center ခန်းမတွင် အမျိုးသမီးများအကြမ်းဖက်ခြင်းမှ ကာကွယ်ရေးဥပဒေများအကြောင်း ဆွေးနွေးပွဲပြုလုပ်




MNP - ဇွန်   ၁


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ပြန်/ဆက်ဦးစီးဌာန Community Center ခန်းမတွင် အမျိုးသမီးငယ်များနှင့် အိမ်ထောင်ရှင်အမျိုးသမီးများ၏ ဘဝလုံခြုံမှုရှိရေး၊ နှောင့်ယှက်ခြင်း၊ အကြမ်းဖက်ခြင်းများမှ ကာကွယ်ရေးတို့အတွက် အမျိုးသမီးများ အကြမ်းဖက်ခြင်းမှကာကွယ်ပေးသည့် ဥပဒေများအကြောင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းက အဖွင့်အမှာစကားပြောကြား၍ လွိုင်ခမ်းအမျိုးသမီးအဖွဲ့ ဒါရိုက်တာဒေါ်နန်းသန်းသန်းညွန့်က အမျိုးသမီးများ၏ဘဝ အဖက်ဖက်မှဖွံဖြိုးတိုးတက်ရေး၊ သာယာသောမိသားစုဘဝ တည်ဆောက်နိုင်ရေးနှင့် အမျိုးသမီးများအားလုံးခံစားနိုင်ခွင့်ရှိသည့် အခွင့်အရေးများအကြောင်းရှင်းလင်းပြီး အမျိုးသမီးများအကြမ်းဖက်ခြင်းမှ ကာကွယ်ပေးသည့်ဥပဒေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


ဆွေးနွေးပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိ အမျိုးသမီးခေါင်းဆောင်များတက်ရောက်ကာ အမျိုးသမီးများအကြမ်းဖက်ခြင်းမှကာကွယ်ပေးရေး၊ ဆယ်ကျော်သက်မိန်းကလေးများ ဘဝဖွံဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေးကိစ္စများအတွက် အကြံပြုဆွေးနွေးကြကြောင်း သိရှိရသည်။


သတင်း - မနန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)