ကြံခင်းမြို့နယ် Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးTalk Showကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးTalk Showကျင်းပ



MNP - ဇွန်   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   Community Centre ခန်းမတွင်  ယမန်နေ့နေ့လည်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Showကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးTalk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဆွေးနွေးပါသည်။


ဆက်လက်ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မွန်ဇာဝင်းမှ ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်ကာကွယ်တားဆီးရမည့်အချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးဥပဒေနှင့် ပြစ်မှု၊ ပြစ်ဒဏ်များစတဲ့အချက်များအား အသိပညာပေးဆွေနွေးပါသည်။


ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ Page များတွင် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် လစဉ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး Talk Show အစီအစဉ်များ၊ ဟောပြောပွဲ၊  ဆွေးနွေးပွဲများစသည့် အခြားအသိပညာဗဟုသုတရဖွယ်များအား ရိုက်ကူးလွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)