ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ဆောင်ရွက်



MNP - ဇွန်   ၁၅


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။


အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသပြေခင်၊  စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာ ဦးရဲလင်းအောင် (မောင်လေပြေ-တောင်တွင်း)တို့က မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများ မှေးမိန်မသွားစေရန်နှင့် လူငယ်များအနေဖြင့် သိရှိလိုက်နာစေရန်ဆောင်ရွက်ရမည့်အချက်များ၊ ယဉ်ကျေးမှုများကို လူငယ်များအနေဖြင့် အတုယူမမှားအောင် နေထိုင်ရမည့်အချက်များ၊ မြန်မာ့ယဉ်ကျေးမှုကို မြန်မာလူငယ်များ တန်ဖိုးထားတတ်အောင် သိရှိလိုက်နာစေရန် ဆောင်ရွက်ရမည့်အချက်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။


အဆိုပါ လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေး Talk Show ဆွေးနွေးမှုအပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)