မိုးကုတ်မြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌၊ ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌၊ ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်


MNP - ဇွန်  ၄


မန္တလေးတိုင်းဒေသကြီး ၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များ နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိအောင် အသုံးချတတ်စေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ( တာဝန်ပေး) ဒေါ်နန်းခွာညိုနှင်းက နွေရာသီကာလ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍လည်ကောင်း၊ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ အထောက်အကူ ဖြစ်စေရန်အတွက်လည်ကောင်း၊  ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်မြင့်မြင့်ဦးမှသင်တန်းသူ/သင်တန်းသားများအားအဖွင့်အမှာစကားပြောကြားပြီး ရှေးဦးသူနာပြုစုနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသည်။


အဆိုပါသင်တန်းကို ဇွန်လ ၃ရက်နေ့မှ  ၅ရက်နေ့ထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းသား/သင်တန်းသူ (၁၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


သတင်း - နန်းခွာညိုနှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)