လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်ရေးရာဆိုင်ရာ စာပေဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်ရေးရာဆိုင်ရာ စာပေဆွေးနွေးပွဲကျင်းပ





MNP - ဇွန်  ၁၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက်(၉)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ လူငယ်ရေးရာဆိုင်ရာ စာပေဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်‌ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်ရေးရာဆိုင်ရာဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွှန့်ဝေ (ကောင်းညွှန့်ဝေ-ရေစကြို)က စာဖတ်ခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ အင်းဝခေတ်ရှင်မဟာရဌသာရ၏ “စကားရှစ်ခွန်း” အကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)က မေလ(၁၀)ရက်နေ့တွင် ဖော်ပြခဲ့သော ဆောင်းပါရှင်ရွာသား ဖိုးမောင်ရေးသားထားသော “စကားတန်ဖိုး” ဆောင်းပါပါ အကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း တက်ရောက်လာသော စာပေချစ်မြတ်နိုးသူလူငယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)